ကျွန်​​တော်​ရဲ့ Blog Page ​လေးကိုဝင်​​ရောက်​ကြည့်​ရှ​နေကြ​သော နည်းပညာချစ်​ ညီအကို ​မောင်​နှမများအား ကျေးဇူးအထူးတင်ရှိပါသည်။ အခက်အခဲ တစ်စုံတရာ ရှိခဲ့ပါက Chat-Box တွင် ပြောကြားခြင်းဖြင့် ကူညီပေးပါ။ ၀င်​​ရောက်​ကြည့်​ရှသူ နည်းပညာ ညီအကို​မောင်​နှမများအား အစဉ်​​လေးစားလျှက်​...။

Wednesday, February 18, 2015

MTK တွေအတွက် flash tool file , full flash firmware ကို ကိုယ်တိုင်ထုတ်ဖို့လိုအပ်တဲ့လူတွေအတွက်








MTK Phone တွေ firmware ကျသွားလို့ firmware ပြန်တင်မရဖြစ်ပြီး စိတ်ညစ်နေတာလား ? အင်တာနက်လိုင်းမကောင်းလို့ firmware ဒေါင်းမရဘူးလား ?
full flash ထုတ်မရလို့ စိတ်ညစ်နေလား ? ယခု post လေးက သင့်ကို ကူညီမှာပါ smile emoticon
========================================================================================
MTK တွေအတွက် flash tool file , full flash firmware ကို သင်ကိုတိုင် ထုတ်ယူဖို့ ကြိုးစားပါ။ 
backup ထုတ်ဖို့အတွက် ပထမဆုံး ဖုန်းအကောင်းတစ်လုံးလိုအပ်ပါတယ်။ ဖုန်းက root access ရှိဖို့မလိုအပ်ပါဘူး။
အဆင့်သင့်ဖြစ်ရင်တော့ backup ထုတ်ဖို့စလိုက်ရအောင်။ ဖုန်းကို usb debugging on ပြီး mtk droid tool နဲ့ချိတ်ဆက်လိုက်ပါ။

ဆိုင်ရာပိုင်ရာတွေကို အားလုံး credit ပေးပါတယ်နော် လိုအပ်သူတွေအတွက် ပြန်လည်ဝေမျှပေးတာပါ
MTK droid tool ကိုဖွင့်လိုက်ပြီးရင်တော့ mtk droid tool က ဖုန်းကို သိပြီဆိုတာနဲ့ အောက်နားလေးမှာ block map ဆိုတာလေးပါပါတယ် တစ်ချက်နှိပ်လိုက်ပါ။
block map list လေး ပေါ်လာရင်တော့ ကျွန်တော်တို့ cache size ကိုတွေ့အောင်ရှာပါ ပြီးရင် Notepad တစ်ခုခုနဲ့ မှတ်သားထားပါ။
အောက်ကပုံမှာ ဆိုရင်တော့ cache size က 0008000000 ပါ။ cache size ကို မှတ်သားပြီးရင်တော့ ကျွန်တော်တို့ အောက်နားမှာရှိနေတဲ့ creat scatter file ဆိုတာလေး ကို 
တစ်ချက်နှိပ်ပြီး scatter file ကို တစ်နေနေရာမှ save လုပ်လိုက်ပါ။ ပြီးရင် ကျွန်တော်တို့ sp flashtool ကို ဖွင့်လိုက်ပါ။ sp flashtool ရဲ့ scatter loading မှာ ခုနက scatter file လေးကို
ရွေးပေးလိုက်ပါ။ ပြီးရင်တော့ read back ဆိုတာလေးကို တစ်ချက်နှိပ်လိုက်ပါ။ ပြီးရင်တော့ add ကို နှိပ်ပါ။ add ကိုနှိပ်ပြီးရင်တော့ အောက်ကပေါ်လာတဲ့ စာကြောင်းမှာ start address ဆိုတဲ့
နေရာလေးမှာ double click နှိပ်လိုက်ပါ။ save မှတ်ခိုင်းတာပါ သူက သူပြထားတဲ့ အတိုင်းပဲ ROM_0 နဲ့ပဲ save မှတ်လိုက်ပါ။ ပြီးရင်တော့ ကျွန်တော်တို့ Length လေး ထည့်ပေးရမှာပါ။ ခုနက
Notepad နဲ့ save မှတ်ထားတဲ့ cache ရဲ့ length လေး ထည့်ပေးလိုက်ပါ။ အရှေ့က 000 တွေ ဖြုတ်ပေးပြီးတော့ 800000 လို့ပြန်ပြင်ရိုက်လိုက်ပါ။ ပြီးသွားရင်တော့ Ok ပေးလိုက်ပါ။ ပြီးရင် ကျွန်တော်တို့ readback ဆိုတာလေးကို 
နှိပ်ပေးလိုက်ပါ။ ပြီးရင် ကျွန်တော့်တို့ ဖုန်းကို ဓါတ်ခဲချွတ်ပါ။ ပြီးရင် ဓါတ်ခဲ ပြန်တပ်ပြီး vol up (or) down တစ်ခုခုနှိပ်ပြီး ကြိုးထိုးပေးလိုက်ပါ။ flash tool က firmware file လေးကို backup ထုတ်
ပေးနေပါလိမ့်မယ်။ အားလုံးပြီးလို့ pass ပြရင်တော့ ဖုန်းကို ဓါတ်ခဲချွတ်ပါ။ power ပြန်ဖွင့်ပြီးတော့ droid tool နဲ့ ချိတ်ပါ။ ပြီးရင် roo backup recovery ဆိုတာကို ရွေးပါ။ ပြီးရင် To process file ROM_from flash tool ဆိုတာကို ရွေးပါ။ ပြီးသွားခဲ့ရင်တော့ ခုနက flashtool ကနေ backup လုပ်ထားတဲ့ ROM_0 လေးကိုရွေးပေးလိုက်ပါ။ MTK droid tool ရဲ့ backup ထဲမှာ sp flashtool မှာ
သုံးဖို့အတွက် ဖိုင်လေးတွေကို တွေ့ရပါလိမ့်မယ်။ အဲ အဲ့လို backup ထုတ်လိုက်တဲ့ ဖိုင်တွေက full flash မဟုတ်သေးပါဘူး။ ဘာတွေလိုနေလဲဆိုတာတော့ ကိုယ့်ဘာသာကိုကြည့်တော့ပေါ့။ အခုပုံ
ထဲမှာဆိုရင်တော့ system လည်းမပါလာသေးပါဘူး။ပြီးတော့ userdata, cache file တွေလိုနေပါသေးတယ်။ ဘယ်လိုထုတ်မလဲ စိတ်မညစ်ပါနဲ့ adb comment လိုင်းကနေသွားပါ့မယ်။
ဒီအချိန်မှာတော့ root access လိုပါပြီ။ root မပေါက်ရင်ကော ဘယ်လိုလုပ်မလဲ ? အဲ့တာတော့ ကိုယ့်ဘာသာကိုယ် လုပ်တော့ပေါ့။ vroot လောက်တော့ အားကိုးမနေနဲ့တော့လေနော်။ ခုနက backup 
ထုတ်ထားတဲ့ ဖိုင်ထဲမှာ boot ပါနေပြီပဲ။ ကဲ root ရပြီဆိုရင်တော့ ခုနက mtk droid tool နဲ့ block map ကြည့်ထားတဲ့ အထဲမှာ ရှိတဲ့ list တွေကို တစ်ချက်လောက်ကြည့်ရအောင် အောက်ကပုံမှာ ဆိုရင် system ကို သူက block 5 လို့ပြထားတယ်ဗျ။ ကဲ adb comment ကနေ ဒီလိုလေးထုတ်လိုက်ရအောင်။
adb shell su -c "cat /dev/block/mmcblk0p5 > /sdcard/system.img"
ရလာတဲ့ system.img ကို ခုနက flashtool folder ထဲသွားထည့်ထားလိုက်ပေါ့ဗျာ မဟုတ်ဘူးလား။ ကျန်တဲ့ဖိုင်တွေလည်း ထုတ်တတ်မယ်ထင်တာပဲ အဲ့နည်းနဲ့ ။ 
ဒါဆိုရင်တော့ ကျွန်တော်တို့ လိုချင်တဲ့ full flash လေးရလာမှာပါ။ ကဲ firmware full flash ထုတ်ပြီးပြီဗျာ SP flashtool ကနေသာ ရိုက်လိုက်ပါတော့နော်


ref: Ko Hein Maung

1 comment:

  1. Length က ဘယ်လိုပြောင်းရမလဲ
    ဖုန်းကို sdcard စိုက်ရမှာလား please

    ReplyDelete