ကျွန်​​တော်​ရဲ့ Blog Page ​လေးကိုဝင်​​ရောက်​ကြည့်​ရှ​နေကြ​သော နည်းပညာချစ်​ ညီအကို ​မောင်​နှမများအား ကျေးဇူးအထူးတင်ရှိပါသည်။ အခက်အခဲ တစ်စုံတရာ ရှိခဲ့ပါက Chat-Box တွင် ပြောကြားခြင်းဖြင့် ကူညီပေးပါ။ ၀င်​​ရောက်​ကြည့်​ရှသူ နည်းပညာ ညီအကို​မောင်​နှမများအား အစဉ်​​လေးစားလျှက်​...။

Friday, January 9, 2015

ကွန်ပျူတာ ပေါ့ပါးစေဖို့ ဘယ်လိုလုပ်ဆောင်ရမလဲ ?



ကွန်ပျူတာကို သုံးစွဲလာတာ အချိန်ကြာလာတာနဲ့ အမျှ သုံးရတာ တဖြည်းဖြည်း လေးလံလာတယ်လို လူတိုင်းသိရှိကြမှာပါ..

ဒါဆိုရင် ကွန်ပျူတာကို သွက်လက်မြန်ဆန်လာအောင် ဘယ်လိုလုပ်မလဲ ဆိုတာ အခုကျနော်ရေး သွားမှာပါ..  ဒီနည်းလမ်းတွေကို တော်တော်များများ သိကြမှာပါ.. ကျနော်ကတော့ မသိသေး တဲ့ သူငယ် ချင်းတွေ အတွက် ရည်ရွယ်ပါတယ်.. အရင်ဆုံး ကျနော်တို့ သတိပြုရမှာက ကွန်ပျူတာကနေ မလိုအပ် တဲ့ Program တွေကို Uninstall လုပ်တဲ့ အခါ.. ပုံမှန်ပဲ All Control Panel Items > Programs and Features ကနေပဲ Uninstall လုပ်လေ့ရှိကြပါတယ်.. ဒီလို လုပ်တဲ့ အခါကျနော်တို့ အမြင်မှာတော့ မလို အပ်တဲ့ Program ကို ဖြတ်ထုတ်နိုင်တယ်ပဲ ထင်မှာပါ..

ဒါပေမယ့် သူ့ရဲ့ Registry file ကတော့ စက်ထဲမှာ ရှိအုန်းမှာပါပဲ.. ဒါဟာလည်း စက်ကို လေးလံစေတဲ့ အကြောင်းရင်းထဲမှာ အချက်တခုအဖြစ်ပါဝင် ပါတယ်..

အရင်ဆုံး ..Start menu > Run box ( Win + R )ကို နှိပ်ပါ..

(၁) ကျလာမဲ့ Run box ထဲမှာ Temp ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ ..ကျလာတဲ့ ဖိုင်တွေကို အကုန် ဖျက်ထုတ်ပါ.. မပျက်ပဲ တခု နှစ်ခု ကျန်နေတတ်ပါတယ် ထားလိုက်ပါ..

(၂) Run box ထဲမှာ %temp% ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ ..ကျလာတဲ့ ဖိုင်တွေကို အကုန်ဖျက် ထုတ်ပါ..  မပျက်ပဲ တခု နှစ်ခု ကျန်နေတတ်ပါတယ် ထားလိုက်ပါ..

(၃) Run box ထဲမှာ prefetch ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ ..ကျလာတဲ့ ဖိုင်တွေကို အကုန်ဖျက် ထုတ်ပါ...

(၄) Run box ထဲမှာ msconfig ကိုရိုက်ထည့်ပြီး Enter ခေါက်ပါ.. ကျလာတဲ့ windows ထဲက boot ကိုနှိပ်ပြီး Timeout မှာ 3 seconds ထားပြီး apply > ok..

(၅) Run box ထဲမှာ msconfig ကိုရိုက်ထည့်ပြီး Enter ခေါက်ပါ.. ကျလာတဲ့ windows ထဲက startup ကိုနှိပ်ပြီး ကွန်ပျူတာ ဖွင့် ဖွင့်ချင်း ကိုယ်အသုံးမလိုတာတွေကိုDisabled လုပ်ပြီး ပြန်ထွက်လိုက်ပါ..

(၆) Computer ကို right click ပေးပြီး manager ကိုဝင်ပါ Event Viewer ကနေ Windows Logs ကို click ပါကျလာတဲ့ Application / Security / Setup / System / Forwarded Events ကျလာရင် .. တခုချင်းကို right click ပြီး clear log ကိုရွေးပြီး အကုန်ဖျက်ထုတ်လိုက်ပါ..

(၇) Computer ကိုဖွင့်ပါ။ မိမိစက်ရဲ့ ဝင်းဒိုးတင်ထားတဲ့ drive ကို right click လုပ်ပြီး properties ကိုသွား ပါ။ General Tab အောက်မှာ Disk Clean Up ဆိုတာကို နှိပ်ပါ။ ခဏစောင့်လိုက်ပြီး ပေါ်လာတဲ့ box မှာ More Option ကိုသွားပါ။System Restore အောက်က Clean Up ဆိုတာကို click လုပ်လိုက်ပါ။ ပြီးရင် OK နှိပ်ပြီးပြန်ထွက်လိုက်ပါ။

ကွန်ပြူတာကို Restart လုပ်လိုက်ပါ။ အရင်ကထက် ပိုမြန်လာတာကိုတွေ့ရမှာပါ။

0 comments:

Post a Comment