ကျွန်​​တော်​ရဲ့ Blog Page ​လေးကိုဝင်​​ရောက်​ကြည့်​ရှ​နေကြ​သော နည်းပညာချစ်​ ညီအကို ​မောင်​နှမများအား ကျေးဇူးအထူးတင်ရှိပါသည်။ အခက်အခဲ တစ်စုံတရာ ရှိခဲ့ပါက Chat-Box တွင် ပြောကြားခြင်းဖြင့် ကူညီပေးပါ။ ၀င်​​ရောက်​ကြည့်​ရှသူ နည်းပညာ ညီအကို​မောင်​နှမများအား အစဉ်​​လေးစားလျှက်​...။

Tuesday, January 13, 2015

Xiaomi တွင် ရင်းနှီးမြှုပ်နှံရန် Facebook ဆွေးနွေးခဲ့ဟုဆို


Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်ခ်သည် Xiaomi တွင် ရင်းနှီးမြှုပ်နှံမှုတစ်ရပ် ပြုလုပ်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇူကာဘတ်ခ်သည် ပြီးခဲ့သည့် အောက်တိုဘာလက ဘေကျင်းတွင် ပြုလုပ်ခဲ့သည့် သီးသန့်ညစာစားပွဲတစ်ခုတွင် Xiaomi အမှုဆောင်အရာရှိချုပ် လေဂျွန်နှင့် ဆွေးနွေးခဲ့ကြောင်း၊ သို့သော်လည်း တရုတ်ကုမ္ပဏီက နိုင်ငံရေးအရဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးအတွက် စိုးရိမ်ပူပန်သောကြောင့် ရင်းနှီးမြှုပ်နှံမှုအတွက် ဆွေးနွေးမှုမှာ ဖြစ်မြောက်ခဲ့ခြင်း မရှိကြောင်း Reuters မှ ဖော်ပြခဲ့သည်။
သတင်းရင်းမြစ်တစ်ဦးကမူ “Facebook က တရုတ်နိုင်ငံထဲကို ဝင်ဖို့ဆန္ဒရှိတယ်။ Xiaomi ကလည်း တရုတ်နိုင်ငံ ပြင်ပကို ဈေးကွက်ချဲ့ဖို့ ဆန္ဒရှိတယ်။ ဒါကြောင့် သူတို့နှစ်ဦးရဲ့ ပူးပေါင်းလုပ်ဆောင်မှုက အရေးပါတယ်လို့ မှတ်ယူခဲ့ကြပါတယ်” ဟု ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်တွင် ပထမဦးဆုံး စမတ်ဖုန်းကို ထုတ်လုပ်ခဲ့သည့် Xiaomi သည် ယခုအခါတွင် ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီအဖြစ် ရပ်တည်လျက်ရှိသည်။ အမှုဆောင်အရာရှိချုပ် လေက “၅ နှစ် ဒါမှမဟုတ် ၁၀ နှစ်အတွင်းမှာ ကျွန်တော်တို့က ကမ္ဘာ့နံပါတ်တစ် စမတ်ဖုန်းကုမ္ပဏီ ဖြစ်လာဖို့အတွက် အခွင့်အရေးတွေရှိနေပါတယ်” ဟု ပြောကြားထားသည်။
တရုတ်နိုင်ငံ၏ Apple ဟု တင်စားခေါ်ဝေါ်ခံနေရသည့် Xiaomi သည် ဒီဇင်ဘာလက ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံရှိပြီး ကုမ္ပဏီ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံ ရှိကြောင်း ကြေညာခဲ့သည်။ ကုမ္ပဏီ၏ ၂၀၁၄ ခုနှစ် ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ နီးပါးရှိခဲ့သည်။
Xiaomi သည် နောက်ဆုံးပေါ် ဟန်းဆက်သစ် တစ်မျိုးကို ဇန်နဝါရီလ ၁၅ ရက်တွင် ဘေကျင်းမြို့၌ မိတ်ဆက်ရန် စီစဉ်ထားသည်။

Ref: IBTimes

0 comments:

Post a Comment