ကျွန်​​တော်​ရဲ့ Blog Page ​လေးကိုဝင်​​ရောက်​ကြည့်​ရှ​နေကြ​သော နည်းပညာချစ်​ ညီအကို ​မောင်​နှမများအား ကျေးဇူးအထူးတင်ရှိပါသည်။ အခက်အခဲ တစ်စုံတရာ ရှိခဲ့ပါက Chat-Box တွင် ပြောကြားခြင်းဖြင့် ကူညီပေးပါ။ ၀င်​​ရောက်​ကြည့်​ရှသူ နည်းပညာ ညီအကို​မောင်​နှမများအား အစဉ်​​လေးစားလျှက်​...။

Tuesday, March 10, 2015

Apple Watch စမတ်လက်ပတ် (၃)မျိုးနှင့် ဈေးနှုန်းများကို မိတ်ဆက်အတည်ပြု

Photo - Dailymail
အမေရိကန် နည်းပညာ လုပ်ငန်းစုကြီး Apple သည် ကာလရှည်ကြာ သတင်းကြီးနေသည့် ၎င်းတို့၏ စမတ်လက်ပတ်နာရီကို အတည်ပြု မိတ်ဆက်လိုက်ပြီ ဖြစ်သည်။
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလက Apple Watch စမတ်လက်ပတ်နာရီများ ရောင်းချရန် စီစဉ်နေကြောင်း သတင်းကို ကုမ္ပဏီက အတည်ပြု ကြေညာထားခဲ့ပြီး ၂၀၁၅ ခုနှစ်၊ မတ်လ ၉ ရက်တွင် Apple Watch နာရီမျိုးကွဲများနှင့် သက်ဆိုင်ရာ Appများကို မိတ်ဆက် ပြသလာခြင်း ဖြစ်သည်။ Apple Watch များကို ဧပြီ ၂၄ တွင် ဈေးကွက်ထဲ၌ စတင်ဖြန့်ချိ ရောင်းချသွားမည်ဟု သိရသည်။
Apple သည် Macbook Laptop မော်ဒယ်လ်သစ်တစ်မျိုးကိုလည်း မိတ်ဆက်ခဲ့သည့်တိုင် Apple Watch ကို လူအများက အဓိက စိတ်ဝင်စားခဲ့သည်။ Apple Watch သည် ကြိုတင် သတင်းကြီးနေသည့်အတိုင်း Apple Watch Sport ၊ Apple Watch နှင့် Apple Watch Edition ဆိုသည့် မူကွဲသုံးမျိုးဖြင့် ထွက်ပေါ်လာသည်။
Apple၏ အမှုဆောင် အရာရှိချုပ်အဖြစ် တင်မ်ကွတ်ခ် တာဝန်ယူပြီးနောက်ပိုင်း ကုမ္ပဏီ၏ ပထမဆုံး ထုတ်ကုန်သစ် ဖြစ်လာသော Apple Watchကို ဧပြီ ၁၀ ရက်တွင် စတင်မှာယူနိုင်ပြီး ဧပြီ ၂၄ ရက်တွင် ဩစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ ဂျပန်၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့၌ ပွဲဦးထွက် ရောင်းချသွားမည် ဖြစ်သည်။
Apple Watch Sportသည် စမတ်နာရီ သုံးမျိုးအနက် ဈေးအနည်းဆုံးဖြစ်ပြီး (၃၄၉)နှင့် (၃၉၉)ဒေါ်လာတန် အမျိုးအစားနှစ်မျိုး ထုတ်လုပ်မည် ဖြစ်သည်။ သံမဏိ ကိုယ်ထည်ကို အသုံးပြု တည်ဆောက်ထားသော Apple Watchမှာမူ (၅၄၉)ဒေါ်လာမှ (၁၀၄၉)ဒေါ်လာကြား ဈေးနှုန်းအမျိုးမျိုး ပြောင်းလဲသွားမည် ဖြစ်သည်။ Apple Watch နာရီများတွင် ဒိုင်ခွက် အရွယ်အစား (၃၈)မီလီမီတာနှင့် (၄၂)မီလီမီတာ ကွာခြားမှုနှင့် အခြားအချက်အလက်များအပေါ် မူတည်ပြီး ဈေးနှုန်း ကွာဟသွားခြင်း ဖြစ်သည်။
Apple Watch Edition မှာမူ အရေအတွက် အကန့်အသတ်ဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး ဒေါ်လာ(၁၀၀၀၀)မှ (၁၇၀၀၀)ကြားထိ ဈေးနှုန်း ကျသင့်မည်ဟု သိရသည်။ ဒေါ်လာ (၁၇၀၀၀)တန် နာရီသည် (၃၈)မီလီမီတာ အရွယ်အစား ဒိုင်ခွက်ကို အသုံးပြုပြီး ကိုယ်ထည်ကို (၁၈)ကာရက် နှင်းဆီရောင်ရွှေသားဖြင့် ပြုလုပ်ထားမည် ဖြစ်သည်။ အဆိုပါ နာရီသည် အလွန်မာကျော ခိုင်ခံ့ပြီး Display မှာ နီလာဖြစ်ပြီး လျှပ်စစ်သံလိုက်နည်းပညာအခြေခံ အားသွင်းစနစ်ပါ ပါရှိလာမည် ဖြစ်သည်။
Appleသည် ResearchKit ခေါ် Developer Toolများကိုလည်း သုတေသီများအတွက် မိတ်ဆက်ပေးခဲ့ပြီး ယင်းသည် ဆေးဘက်ဆိုင်ရာသုတေသနနှင့် လက်တွေ့စမ်းသပ် ကုသမှုဆိုင်ရာ အထောက်အကူပြု Appများ ဖန်တီးရာတွင် အသုံးဝင်မည်ဟု သိရှိရသည်။

credit - 7Day
_Ref: CNA




0 comments:

Post a Comment