ကျွန်​​တော်​ရဲ့ Blog Page ​လေးကိုဝင်​​ရောက်​ကြည့်​ရှ​နေကြ​သော နည်းပညာချစ်​ ညီအကို ​မောင်​နှမများအား ကျေးဇူးအထူးတင်ရှိပါသည်။ အခက်အခဲ တစ်စုံတရာ ရှိခဲ့ပါက Chat-Box တွင် ပြောကြားခြင်းဖြင့် ကူညီပေးပါ။ ၀င်​​ရောက်​ကြည့်​ရှသူ နည်းပညာ ညီအကို​မောင်​နှမများအား အစဉ်​​လေးစားလျှက်​...။

Friday, March 13, 2015

WhatsApp ကို web ပေါ်တွင် အသုံးပြုခြင်း

ယခုအခါမှာ WhatsApp ကို Chrome browser ကနေတစ်ဆင့် web ပေါ်မှာ အသုံးပြုနိုင်ပြီ ဖြစ်တဲ့အတွက်ကြောင့် သုံးစွဲသူ အနေနဲ့ မိမိတို့ရဲ့ WhatsApp account ကို ဖုန်းအပြင် tablet, laptop နဲ့ PC တို့မှာ တစ်ပြိုင်နက် အသုံးပြုနိုင်ပါပြီ။
ဒါပေမဲ့ WhatsApp on the web က Android, BlackBerry, Nokia နဲ့ Windows Phone တွေမှာသာ အလုပ်လုပ်နိုင်ပါသေးတယ်။ iOS အတွက် support မပေးထားတာကြောင့် iPhone, iPad နဲ့ iPod Touch သုံးစွဲသူတွေကတော့ WhatsApp on the web ကို အသုံးပြုလို့ မရနိုင်သေးပါဘူး။

အဆင့် (၁) WhatsApp ကို web browser ပေါ်ကနေ အသုံးပြုဖို့အတွက်က မလွယ်ပါဘူး။ သုံးစွဲသူရဲ့ ကွန်ပျူတာ ဒါမှမဟုတ် tablet မှာ Chrome browser ရှိဖို့လိုပါတယ်။ Chrome browser ရှိတယ်ဆိုရင် https://web.whatsapp.com ကို သွားပါ။ QR code တစ်ခု ပေါ်လာပါမယ်။ QR code ကို ဖတ်ဖို့အတွက် ဖုန်းမှာ QR reader ရှိဖို့ မလိုပါဘူး။ Tablet ပေါ်ကနေ သုံးတဲ့သူတွေကတော့ Chrome ရဲ့ settings မှာ desktop site ကို request လုပ်ဖို့လိုပါတယ်။

အဆင့် (၂) ဖုန်းပေါ်ကနေ WhatsApp ကိုဖွင့်ပါ။ ညာဘက်အပေါ်မှာရှိတဲ့ အစက်သုံးစက်နဲ့ icon ကို နှိပ်ပြီး WhatsApp on the web ကို ရွေးပါ။

အဆင့် (၃) QR reader တစ်ခု ဖုန်းမှာ ပေါ်လာပါမယ်။ အဲ့ဒါကို PC screen မှာ ချိန်ပြီး code ကို ဖတ်ပါ။ WhatsApp one the web က အလိုအလျောက် log in ဖြစ်သွားပါလိမ့်မယ်။

အဆင့် (၄) Interface က WhatsApp ကို ဖုန်းပေါ်ကနေ သုံးတဲ့အတိုင်း အတူတူပါပဲ။ Desktop notification တွေကို အထောက်အပံ့ပေးထားတာကြောင့် PC ကို ဝေမျှပြီး သုံးစွဲသူတွေအနေနဲ့ settings menu ကနေ ပိတ်ထားသင့်ပါတယ်။ ဖုန်းမှာဆိုရင် အစက်သုံးစက် icon ကိုနှိပ်ပြီး settings ထဲမှာ desktop notification ကို ပိတ်ထားနိုင်ပါတယ်။

အဆင့် (၅) Conversation တစ်ခု စတင်တဲ့အခါ desktop ပေါ်မှာသုံးတာက အနည်းငယ် ကွဲပြားပါတယ်။ ဖုန်းပေါ်မှာဆိုရင် new message icon ကိုနှိပ်ပြီး contact ကိုရွေးရုံနဲ့ သုံးနိုင်ပါတယ်။ ဒါပေမဲ့ WhatsApp on the web မှာ conversation ကို စတင်ဖို့ပဲဖြစ်ဖြစ် ရှာတာပဲဖြစ်ဖြစ် search function ကနေ ပြုလုပ်နိုင်ပါတယ်။

အဆင့် (၆) Conversation ရဲ့ interface ကတော့ ဖုန်းနဲ့တူညီပါတယ်။ Emoticon နဲ့ mic icon တွေကို text-entry field ရဲ့ ဘေးတစ်ဘက် တစ်ချက်စီမှာ တွေ့မြင်နိုင်ပါတယ်။

အဆင့် (၇) ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပြီးတဲ့အခါ log in လုပ်ထားတဲ့ ကွန်ပျူတာတွေကို Options ကနေတစ်ဆင့် ဖုန်းပေါ်ကနေ စီမံနိုင်ပါတယ်။ WhatsApp on the web menu ဖြစ်တဲ့ Options ကနေတစ်ဆင့် ကွန်ပျူတာအားလုံးကနေ log out လုပ်နိုင်ပါတယ်။
Message တွေကို ဖုန်းနဲ့ browser အကြား sync ပြုလုပ်ပေးတာကြောင့် သုံးစွဲသူများအနေနဲ့ data သုံးစွဲမှု ပိုမိုမကုန်ကျစေဖို့အတွက် mobile data ကို ကန့်သတ်ထးသင့်ပါတယ်။ WhatsApp ကို အလွန်အကျွံ သုံးစွဲသူများကတော့ Wi-Fi နဲ့သာ သုံးသင့်ပါတယ်။
Ref: PCAdvisor


IJ Newsletter

0 comments:

Post a Comment