ကျွန်​​တော်​ရဲ့ Blog Page ​လေးကိုဝင်​​ရောက်​ကြည့်​ရှ​နေကြ​သော နည်းပညာချစ်​ ညီအကို ​မောင်​နှမများအား ကျေးဇူးအထူးတင်ရှိပါသည်။ အခက်အခဲ တစ်စုံတရာ ရှိခဲ့ပါက Chat-Box တွင် ပြောကြားခြင်းဖြင့် ကူညီပေးပါ။ ၀င်​​ရောက်​ကြည့်​ရှသူ နည်းပညာ ညီအကို​မောင်​နှမများအား အစဉ်​​လေးစားလျှက်​...။

Myanmar Technology News

ဝင်ရောက်ကြည့်ရှသူအပေါင်း ကိုယ်စိတ်နှဖြာ ကျန်းမာ၊ချမ်းသာကျပါစေ...။ Myanmar Technology News ကိုဆက်သွယ်လိုပါက mmtechnologynews@gmail.com သို့ဆက်သွယ်နိုင်ပါသည်။

Myanmar Technology News

ကျွန်တော့်ရဲ့ Myanmar Technology News Page လေးကို www.mmtechnologynews.tk ဖြင့်ဝင်ရောက်ကြည့်ရှ နိုင်ပါသည် ။

Myanmar Technology News

သင်တို့၏ comment တစ်ကြောင်းဟာ ကျွန်တော့် ရဲ့ ရှေ့ဆက်ရန် အားဆေးတစ်ခွက်ပါ ။ အပန်းမကြီးဘူးဆိုရင် အားဆေးလေး တော့ တိုက်ခဲ့စေချင်ပါတယ်ဗျာ ။

Myanmar Technology News

http://www.mmtechnologynews.blogspot.com/ ကို www.mmtechnologynews.tk ဖြင့်အလွယ်တကူ ၀င်ရောက်နိုင်ပါသည် ။

Myanmar Technology News

အခက်အခဲ တစ်စုံတစ်ရာ ရှိခဲ့ပါက C-BOX တွင်ပြောကြားခြင်းဖြင့်ကူညီပေးပါ။ တတ်နိုင်သလောက် ပြန်လည် ကူညီပေးသွားပါ့မယ် ခင်ဗျာ။

Showing posts with label ရသစာစုများ. Show all posts
Showing posts with label ရသစာစုများ. Show all posts

Sunday, March 15, 2015

iPhone 6 တွင် အသုံးမပြုနိုင်သည့် Galaxy S6 လုပ်ဆောင်ချက် (၁၀) ချက်


Samsung Galaxy S6 တွင် များပြားလှသည့် အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားပြီး အရေးပါသည့် feature အချို့ကို ချန်လှပ်ထားခဲ့သော်လည်း ၎င်းတွင် iPhone 6 ၌ အသုံးမပြုနိုင်သည့် လုပ်ဆောင်ချက် (၁၀) ချက်ရှိသည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။
ကြိုးမဲ့စနစ်ဖြင့် အားသွင်းနိုင်ခြင်း

Cable တစ်ခုနှင့် ချိတ်ဆက်ရန်မလိုပဲ charger ပေါ်တွင် တင်ထားရုံဖြင့် အားသွင်းနိုင်သည့် ကြိုးမဲ့အားသွင်းစနစ်ကို Samsung က Galaxy S6 တွင် ထောက်ပံ့ပေးခဲ့သည်။ ၎င်းသည် ကားများနှင့် စားသောက်ဆိုင်အချို့တွင် တွေ့မြင်ရနိုင်သည့် နာမည်ကျော် ကြိုးမဲ့အားသွင်းစနစ်နှစ်မျိုးနှင့် အလုပ်လုပ်နိုင်သည်။ Ikea ကလည်း built-in ကြိုးမဲ့အားသွင်းစနစ် အထောက်အပံ့ပါဝင်သည့် ပရိဘောဂသစ်များကို ထုတ်လုပ်လျက်ရှိသည်။
iPhone 6 တွင် ကြိုးမဲ့အားသွင်းစနစ် အထောက်အပံ့ မပါဝင်ပါ။ ၎င်းကို case တစ်ခု၊ adapter တစ်ခု ဒါမှမဟုတ် သေးငယ်သော ကွင်းတစ်ကွင်းဖြင့် အားသွင်းနိုင်သည့်တိုင် built-in ကြိုးမဲ့အားသွင်းစနစ် ပါဝင်သည်ဟု မဆိုနိုင်ပါ။
သိုလှောင်မှုပမာဏ ပိုမိုများပြားခြင်း

iPhone 6 ကို 16GB, 64GB, 128GB များဖြင့် ရရှိနိုင်သည်။ သို့သော်လည်း microSD card slot မပါဝင်သည့် Galaxy S6 ၏ အနည်းဆုံး သိုလှောင်မှုပမာဏမှ 32GB ဖြစ်သည်။ ၎င်းသည် iPhone 6 အနည်းဆုံး သိုလှောင်မှုပမာဏထက် နှစ်ဆပိုမိုသည်။
Auto Live HDR ပါဝင်ခြင်း

Galaxy S6 နှင့် iPhone 6 တို့တွင် HDR ဓာတ်ပုံများကို ရိုက်ကူးနိုင်သော်လည်း Galaxy S6 က ဓာတ်ပုံမရိုက်မီ အခြေအနေကို ပြသပေးနိုင်သည်။ Live HDR သည် shutter ခလုတ်ကို မနှိပ်မီ အခြေအနေကို ဓာတ်ပုံရှိ အခြေအနေနှင့် နှိုင်းယှဉ်နိုင်သည်။
2K Video ကြည့်ရှုခြင်းနှင့် ဓာတ်ပုံ အချက်အလက် အသေးစိတ်ကြည့်ရှုခြင်း

Samsung Galaxy S6 တွင် 2,560 x 1,440 resolution display ပါဝင်သောကြောင့် iPhone 6 ၏ 1,334 x 750 resolution display ထက် pixel ပိုမိုသည်။ Quad-HD display သည် ဗီဒီယိုများကို မြင့်မားသည့် resolution ဖြင့် ကြည့်ရှုနိုင်သောကြောင့် အသေးစိတ်ပိုမိုတွေ့မြင်နိုင်စေသည်။ ထို့အပြင် resolution မြင့်မားသည့် screen ပေါ်တွင် ဓာတ်ပုံများကို ကြည့်ရှုသည့် iPhone 6 display ထက် ပိုမိုအသေးစိတ်ကျစွာ မြင်တွေ့နိုင်မည် ဖြစ်သည်။
မိုဘိုင်းငွေပေးချေစနစ်ကို နေရာအများအပြားတွင် သုံးနိုင်ခြင်း

Samsung Galaxy S6 တွင် iPhone 6 နှင့် အသုံးပြုနိုင်သည့် Apple Pay ထက် ပိုမိုများပြားသည့် နေရာများတွင် အသုံးပြုနိုင်သော နည်းပညာသစ် ပါဝင်သည်။
Samsung Pay သည် wireless magnetic card ကို ငွေကောင်တာများတွင် အသုံးပြုနေသည့် card reader များနှင့် အလုပ်လုပ်နိုင်သည်။ ထို့အတွက်ကြောင့် ၎င်းစနစ်ကို NFC point of sale စနစ်မရှိသည့် စတိုးဆိုင် ၉၀ ရာခိုင်နှုန်းတွင် အသုံးပြုနိုင်သည်။
Apple Pay သည် NFC ကို အသုံးပြုထားသောကြောင့် သက်ဆိုင်ရာ စတိုးများတွင်သာ အသုံးပြုနိုင်သည်။
တီဗီနှင့် အခြားအရာများကို အဝေးထိန်းစနစ်ဖြင့် သုံးနိုင်ခြင်း

Samsung သည် အပြောင်းအလဲများ ပြုလုပ်ခဲ့သော်လည်း IR feature ကို ယခင်အတိုင်း ချန်လှပ်ထားခဲ့သည်။ Galaxy S6 ထိပ်ဘက်တွင် ပါဝင်သော အရွယ်သေးငယ်သော IR balster သည် တီဗီမှ channel ပြောင်းလဲခြင်း၊ အသံ အတိုးအကျယ် ပြုလုပ်ခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။ ထို့အပြင် smart TV app နှင့် ချိတ်ဆက်ပြီး အစီအစဉ်တစ်ခုကို နှိပ်ကာ တီဗီပေါ်တွင် ကြည့်ရှုခြင်းကိုလည်း ပြုလုပ်နိုင်သည်။ ၎င်း IR blaster သည် တီဗီနှင့် sound system အများစုဖြင့် အလုပ်လုပ်နိုင်သည်။
iPhone 6 တွင်မူ IR blaster မပါဝင်သောကြောင့် Philips Pronto နှင့် Logitech Harmony Ultimate Home စသည့် ထုတ်ကုန်များကို အဝေးထိန်းစနစ်ဖြင့် သုံးရန်အတွက် ဒေါ်လာ ၅၀ ထပ်မံကုန်ကျမည် ဖြစ်သည်။
Theme များ ပြောင်းလဲခြင်း

Galaxy S6 တွင် သုံးစွဲသူမှ အရောင်များ၊ icon များနှင့် wallpaper များ ပြောင်းလဲနိုင်မည့် theme များကို ထောက်ပံ့ပေးထားသည်။ ထို့အပြင် သုံးစွဲသူများသည် built-in ပါဝင်သည့် theme များအပြင် Samsung Store မှ theme များကိုလည်း download ရယူကာ အသုံးပြုနိုင်သည်။
iPhone 6 တွင် theme အတွက် built-in အထောက်အပံ့ မပါဝင်ပေ။ သုံးစွဲသူများ အနေဖြင့် jailbreak ပြုလုပ်ကာ Cydia မှ theme များကို အသုံးပြုနိုင်သော်လည်း jailbreak မပြုလုပ်လိုသူများကမူ theme ပြောင်းလဲနိုင်မည် မဟုတ်ပေ။
Ultra Power Saving Mode

Galaxy S6 တွင် ဘက်ထရီအပိုဖြင့် လဲလှယ်အသုံးပြုနိုင်ခြင်း မရှိသော်လည်း စွမ်းအင်သုံးစွဲမှု သက်သာစေမည့် feature နှစ်ခုပါဝင်လာသည်။ Ultra Power Saving mode သည် ဘက်ထရီ ၁၀% ကျန်ရှိနေပင်လျှင် စွမ်းအင်ကို တစ်နေကုန် အသုံးပြုနိုင်စေသည်။ အဆိုပါ feature ကို အသုံးပြုသည့်အခါတွင် screen ကို အဖြူအမဲ ပြောင်းလဲပြီး အချို့ feature များကို ကန့်သတ်ထားမည် ဖြစ်သည်။ ထို့အပြင် သုံးစွဲသူများသည် Galaxy S6 ကို လျင်မြန်စွာ အားသွင်းနိုင်မည် ဖြစ်ပြီး ဘက်ထရီကို ၁၀ မိနစ်အားသွင်းရုံဖြင့် ၄ နာရီခန့် အသုံးပြုနိုင်မည် ဖြစ်သည်။
iPhone 6 သုံးစွဲသူများကမူ power saving mode မပါဝင်သောကြောင့် ဘက်ထရီ သက်တမ်း ပိုမိုရှည်ကြာရန်အတွက် ပြောင်းလဲမှုများကို manual ပြုလုပ်ရန် လိုအပ်မည် ဖြစ်သည်။
Tap နှစ်ချက်နှိပ်ကာ ကင်မရာဖွင့်ခြင်း

Samsung Galaxy S6 နှင့် ဓာတ်ပုံရိုက်ကူးလိုသည့်အခါ home ခလုတ်ကို tap နှစ်ချက်နှိပ်ရုံဖြင့် ကင်မရာကို ဖွင့်နိုင်သည်။ ၎င်းသည် screen ကို ဖွင့်ထားပြီး ဖုန်းကို lock လုပ်ထားချိန်တွင် အလုပ်လုပ်သည်။
iPhone 6 သုံးစွဲသူများကမူ ဖုန်းကို lock လုပ်ထားချိန်တွင် ကင်မရာကို ဖွင့်လိုသည့်အခါ home/power ခလုတ်ကိုနှိပ်ပြီး ကင်မရာ icon ကို အပေါ်ဘက်သို့ swipe လုပ်ခြင်းဖြင့်သာ ပြုလုပ်နိုင်သည်။
USB Accessory များနှင့် ချိတ်ဆက်ခြင်း

Samsung ထုတ်ကုန်များတွင် USB OTG ဟုခေါ်သည့် USB On The Go ကို ထောက်ပံ့ပေးထားသည်။ ၎င်းသည် သုံးစွဲသူများက ဖုန်းကို USB ထုတ်ကုန်များနှင့် ချိတ်ဆက်ကာ အသုံးပြုနိုင်စေသည်။ အသုံးပြုနိုင်သည့် ထုတ်ကုန်များတွင် USB drive, USB Xbox controller, USB to SD card reader စသည်တို့ ပါဝင်သည်။ ထို့ကြောင့် ၎င်း feature သည် storage အချို့မှ ရုပ်ရှင်နှင့် ဓာတ်ပုံများကို Galaxy S6 တွင် ကြည့်ရှုခြင်း၊ ဂိမ်းကစားရာတွင် ဂိမ်းခလုတ်ဖြင့် တပ်ဆင်ကစားခြင်း တို့ကို ပြုလုပ်နိုင်သည်။
Apple ကမူ iPhone 6 အတွက် Lightning to SD card adapter နှင့် Lightning to USB Camera adapter တို့ကိုသာ ရောင်းချပေးသည်။

Ref: Gottabemobile

credit - Internet Journal

Friday, March 13, 2015

Ooredoo ၏ ကိုယ်ပိုင် အင်တာနက်ဆက်ကြောင်း ဧပြီလ၌ ပြီးမည်ဟုဆို


ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သည့် Ooredoo Myanmar သည် လက်ရှိအချိန်၌ ကိုယ်ပိုင်အင်တာနက် ဆက်ကြောင်းအသစ်တစ်ခုကို တည်ဆောက်နေကြောင်း အဆိုပါ ဆက်သွယ်ရေး အော်ပရေတာ၏ ပြန်ကြားရေး တာဝန်ခံဖြစ်သူက ပြောသည်။
“ရှိနေတဲ့ ဖိုက်ဘာလိုင်းတွေကိုပဲ အခုကတော့ ငှားသုံးနေတာပေါ့။ ကိုယ်ပိုင် အင်တာနက် ဆက်ကြောင်းကတော့ မှန်းထားတာ ဧပြီလလောက်မှာ ပြီးမယ်” ဟု Ooredoo Myanmar ၏ ပြန်ကြားရေး တာဝန်ခံဖြစ်သူ မသီရိကြာညိုက ပြောသည်။
Ooredoo Myanmar အနေဖြင့် ထိုင်းနိုင်ငံဘက်မှ ဖိုက်ဘာအင်တာနက် ဆက်ကြောင်းကို ပြည်တွင်းသို့ သွယ်တန်းနေခြင်းဖြစ်ပြီး အဆိုပါ ဖိုက်ဘာအင်တာနက် ဆက်ကြောင်းသည် Bandwidth ပမာဏပေါင်း 10 GB ခန့် ရှိသည်ဟု သိရသည်။
ဆက်သွယ်ရေး အော်ပရေတာများအနက် ဈေးကွက်လက်ဦးမူ ရရှိထားသည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် အင်တာနက် Bandwidth ပမာဏကို အများဆုံး ပိုင်ဆိုင်ထားကြောင်း၊ ထုတ်ပြန် ကြေညာချက်များ အရ ၎င်းတို့သည် Bandwidth ပမာဏ 32.32GB ကို ပိုင်ဆိုင်ထားပြီး အခြားသော ဆက်သွယ်ရေး အော်ပရေတာများကိုလည်း ပိုမိုနေသော Bandwidth ကို ငှားရမ်း အသုံးပြုစေခဲ့သည်ဟု သိရ သည်။
Ooredoo Myanmar သည် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံဘက်မှ အင်တာနက် ဆက်ကြောင်းအသစ်ကို သွယ်တန်းခဲ့ခြင်းဖြစ်ပြီး အလားတူ Ooredoo ၏ ပြိုင်ဘက် ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် Telenor Myanmar သည်လည်း ထိုင်းနိုင်ငံဘက်မှ အင်တာနက်ဆက်ကြောင်း အသစ်တစ်ခုကို သွယ်တန်းခဲ့သည်ဟု သိရသည်။
Ooredoo Myanmar သွယ်တန်းနေသည့် အင်တာနက် ဆက်ကြောင်းအသစ်အတိုင်း Telenor Myanmar က 10 GB ပမာဏရှိသော အင်တာနက် ဆက်ကြောင်းအသစ်ကို မကြာသေးခင်က သွယ်တန်းပြီးစီးခဲ့သည်ဟု သတင်း ထုတ်ပြန်ထားသည်။
လက်ရှိအချိန်၌ မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူများ၏ အဆိုအရ အင်တာနက်အမြန်နှုန်းသည် ဆက်သွယ်ရေး အော်ပရေတာတိုင်း ယခင်ထက် ပိုမို ကောင်းမွန်လာခဲ့သည်ဟု သိရသည်။


credit - internet journal

အသစ်ထွက်မည့် iPhone တွင် Force Touch နည်းပညာထည့်သွင်းရန် Apple စီစဉ်နေ

Apple သည် ယခုနှစ်ကုန်ပိုင်းတွင် အသစ်ဖြန့်ချိမည့် iPhone တွင် Force Touch နည်းပညာပါဝင်သည့် display များ အသုံးပြုရန် စီစဉ်နေကြောင်း Wall Street Journal မှ ဖော်ပြခဲ့သည်။
Force Touch သည် တနင်္လာနေ့က ကျင်းပခဲ့သည့် Apple event တွင် အဓိက အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး အဆိုပါ ဖိအားကို အာရုံခံနိုင်သည့် နည်းပညာအား Apple Watch အပြင် MacBook သစ်နှင့် မွမ်းမံပြင်ဆင်ထားသည့် MacBook Pro ၏ trackpad များတွင် အသုံးပြုခဲ့ကြောင်း Apple မှ ကြေညာခဲ့သည်။
Apple Watch တွင် ပါဝင်သည့် Force Touch သည် သေးငယ်သည့် screen ပေါ်တွင် များပြားလှသည့် input option များဖြင့် အသုံးပြုနိုင်စေသလို MacBook အသစ်တွင်လည်း သာမန် mouse click တစ်ခုကဲ့သို့ အသုံးပြုနိုင်စေမည် ဖြစ်သည်။
အသစ်ထွက်ရှိမည့် iPhone များသည် iPhone 6 နှင့် 6 Plus ဒီဇိုင်းများနှင့် အလွန်ကွာခြားဖွယ်မရှိကြောင်း၊ ၄.၇ လက်မနှင့် ၅.၅ လက်မ screen ကို iPhone 6 နှင့် 6 Plus resolution များအတိုင်း ဆက်လက်ထုတ်လုပ်ဖွယ်ရှိကြောင်း၊ သို့သော် Apple အနေဖြင့် iPhone အသစ်ကို ငွေရောင်၊ ရွှေရောင်နှင့် မီးခိုးရောင်အပြင် ပန်းရောင်ဖြင့်ပါ ထုတ်လုပ်ဖွယ်ရှိကြောင်း Wall Street Journal မှ ဖော်ပြခဲ့သည်။
Ref: TheVerge

SAMSUNG GALAXY E5 ဈေးကွက်သို့ ဝင်ရောက်

SAMSUNG အမှတ်တံဆိပ် Galaxy E5 ဟန်းဆက် ဖြစ်သည်။ 2G, 3G ကွန်ရက်တွင် အသုံးပြုနိုင်သည်။ Dual SIM & Dual Standby ဖြစ်ပြီး Micro SIM အနေဖြင့် ထည့်သွင်းအသုံးပြုမည် ဖြစ်သည်။ Quad-Core 1.2GHz CPU နှင့် RAM 1.5GB ထည့်သွင်း အသုံးပြု ထားသည်။ Accelerometer, Proximity Sensor များ ထောက်ပံ့ပါဝင်သည်။ Internal Storage Memory  16GB ပါဝင်ပြီး လိုအပ်ပါက 64GB အထိ ထပ်တိုးအသုံးပြု နိုင်မည်ဖြစ်သည်။ Android v4.4.4 KitKat OS ကို ထည့်သွင်းအသုံးပြု ထားသည်။ ၅ လက်မအရွယ် Super AMOLED Capacitive Touch Screen, 16M Color display ကိုအသုံးပြု ထားသည်။ ဖုန်း၏နောက်ကျော ဘက်အခြမ်းတွင် 8MP ရှိသည့် ကင်မရာတစ်လုံး ပါဝင်ပြီး စကရင်ဘက် အခြမ်းတွင် 5MP ရှိသည့် ကင်မရာ ပါဝင်သည်။ 2400 mAh ရှိသော Non-Removable Li-Ion Battery ကိုအသုံးပြု ထားသည်။ အရွယ်အစားမှာ 141.6 x 70.2 x 7.3 mm ရှိမည်ဖြစ်သည်။ LINN IT SOLUTION CENTER I, II, III (နေပြည်တော်)ဖုန်း ၀၆၇-၂၂၈၈၄ နှင့် ၀၆၇-၂၃၈၈၄ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။


credit : Internet Journal

Wednesday, March 11, 2015

Google မှာ အလုပ်လုပ်ပြီး ကွယ်လွန်ခဲ့ရင် ဘာတွေထောက်ပံ့ပေးလဲ ?

Google ဟာ ကမ္ဘာပေါ်မှာ သူတို့ ဝန်ထမ်းတွေကို အကောင်းဆုံး ထောက်ပံ့မှု ပေးတဲ့ ကုမ္ပဏီ အဖြစ် စံချိန်တင်ထား ပါတယ်။ အကယ်၍ သူတို့ဆီက ဝန်ထမ်း တစ်ဦး လွယ်လွန်သွားရင် ယင်း ဝန်ထမ်းရဲ့ ကျန်ရှိ မိသားစုဟာ ၁၀ နှစ် တိတိ သူ့လစာ ရဲ့ တစ်ဝက် တိတိကို ခံစား ပိုင်ခွင့် ရှိပါတယ်။

ဒါ့အပြင် နောက်ထပ် ရပိုင်ခွင့် ကတော့ သားသမီး ရှိရင် သားသမီး အားလုံးကို အထက်တန်း ကျောင်းပြီးတဲ့အထိ ထားပေးရပြီး ပညာတော်ရင် ပညာတော်သင် ဆုပါ ပေးပါသေးတယ်။ အကယ်၍ သားသမီးတို့ ရွေးချယ်တဲ့ ပညာရေး လမ်းကြောင်းဟာ Google ကုမ္ပဏီရဲ့ တာဝန် ရထူး တစ်ခုမှာ လုပ်ကိုင်ဖို့ သင့်တော် တယ်ဆိုရင် ဝန်ထမ်းအဖြစ် ပြန်လည် ခန့်အပ်ဖို့ အတွက် ဦးစားပေး စဉ်းစား ပါသေးတယ်။

ဒ့ါအပြင် ဝန်ထမ်းတွေကို မွေးနေ့ရောက်ရင် ခရီးသွားခွင့်၊ ရက်ရှည် အနားယူခွင့် တို့ကို ပေးအပ်သေးပြီး မွေးနေ့ လက်ဆောင် ပစ္စည်းတွေလည်း ပေးပါတယ်။ ရုံးထဲမှာလည်း လွတ်လွတ်လပ်လပ် ဆော့ကစားလို့ ရအောင် ဖန်တီးထားပေးပြီး အပန်းဖြေဖို့ အတွက် ပစ္စည်း ပစ္စယ များလည်း စုံလင် ပါတယ်။ ဒါကြောင့်မို့ Google ဟာ ကမ္ဘာပေါ်မှာ ဝန်ထမ်းတွေကို အကောင်းဆုံး ထောက်ပံ့ ပေးတဲ့ ကုမ္ပဏီ တစ်ခု အဖြစ် စံချိန်တင်ခဲ့ ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

Thursday, January 15, 2015

အလုပ်ထွက်တော့မယ်ဆိုရင် ...



  သေချာပါစေ!

အလုပ်ထွက်ဖို့ သင်စိတ်ကူးရှိတယ်ဆိုရင်တော့ ပထမဆုံးသင့်ကိုသင်မေးသင့်တဲ့မေးခွန်းကတော့ သင်တကယ်ရော အလုပ်ထွက်ချင်ပါသလား? ဆိုတဲ့မေးခွန်းပါပဲ။ အလုပ်ထွက်ခြင်းကရော သင့်ရှေ့ရေးအတွက် အကောင်းဆုံး ဖြစ်ပါသလား။
ယခုလုပ်နေတဲ့အလုပ်မှာ သင်အခက်အခဲတွေရှိနေပါသလား? သင်မပျော်မရွှင်ဖြစ်နေတာကို သင့်အလုပ်ရှင်ကို သိအောင်ပြောပြဖူးပါသလား? အကယ်၍သင့်အလုပ်ရှင် သင်မပျော်ရွှင်တာကိုမသိသေးဘူးဆိုရင်တော့ အလုပ်ထွက်ခြင်းက မလိုအပ်သေးပါဘူး။အရင်ဆုံး သင်ဘာတွေမပျော်မရွှင်ဖြစ်နေတယ်ဆိုတာကို သင့်အလုပ်ရှင် သိအောင်ပြောပြသင့်ပါတယ်။ သင့်အလုပ်ရှင်က သင့်မပျော်ရွှင်မှုတွေကိုဖြေရှင်းပေးကောင်း ဖြေရှင်းပေးနိုင်ပါတယ်။
အကယ်၍ သင်ကအလုပ်ထွက်ဖို့အရမ်းသေချာနေပြီဆိုရင်လည်း
စနစ်တကျ အလုပ်ထွက်လို့ရပါတယ်။


လုပ်ဆောင်သင့်သည့်အချက်များ

-ပထမဆုံးလုပ်ဆောင်သင့်တာကတော့နှုတ်ထွက်စာတစ်စောင်ရေးဖို့ပါပဲ။နှုတ်ဖြင့်လည်းအလုပ်ထွက်ဖို့ အကြောင်း ပြောဖို့လိုပါလိမ့်မယ်။ဒါပေမဲ့ သင်အလုပ်ထွက်ဖို့အကြောင်းပြောတဲ့အခါမှာတော့ အလုပ်ထွက်စာပါ တစ်ခါတည်း ယူဆောင်သွားပါ။ သင်အလုပ်ထွက်ရသည့် အကြောင်းအရင်းများကိုဖော်ပြပါ။ သင်ဘယ်အချိန် အထိပဲ အလုပ်ဆင်းပေးနိုင်မလဲ ဆိုတာကိုဖော်ပြပါ။ ယဉ်ကျေးစွာ ပြောဆိုပါ။ ထိုကုမ္ပဏီမှာအလုပ်လုပ်ခဲ့သော အချိန်တွေအတွက် ကျေးဇူးတင်ကြောင်းပြောနိုင်ပါတယ်။ ကုမ္ပဏီရဲ့အနာဂတ်အတွက်လဲ ကံကောင်းပါစေ ဆုတောင်းပေးခြင်းအားဖြင့် သင့်အကောင်းမြင်သဘောထားကိုဖော်ပြပါ။ သင်ယခု အလုပ်ထွက်ဖို့ကြိုးစား နေတဲ့သင့်အလုပ်ရှင်ကို သင်နောင်တစ်ချိန်မှာ ပြန်ပက်သက်ရကောင်း ပက်သက်ရနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။


-ခေါင်းအေးအေးထားပါ။ သင်ဘာကြောင့်အလုပ်ထွက်သလဲဆိုတဲ့ အကြောင်းပြချက်ကို ရှင်းရှင်းလင်းလင်း ပြောနိုင်ပါစေ။ကောင်းမွန်သောဆက်ဆံရေးဖြင့်သာ သင်အလုပ်ထွက်လိုကြောင်း သင့်အလုပ်ရှင် မြင်အောင်ပြနိုင်ပါစေ။


-သင်အလုပ်မထွက်ခင်အချိန်အထိ သင့်အလုပ်တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ပါ။ သင်အလုပ်ထွက်ပြီး မှသင်လုပ်ခဲ့သင့်သောအလုပ်များကိုမလုပ်ခဲ့ပါက အခြားဝန်ထမ်းများအတွက် အလုပ်ပိုစေပါတယ်။ သင့်ကို အလုပ်ထွက်သောနေ့မတိုင်ခင်အထိ လုပ်ခလစာပေးထားသောကြောင့် အလုပ်မထွက်ခင်အထိ တာဝန်ကျေပွန်သင့်ပါတယ်။

-သင်အလုပ်မ၀င်ခင်က အလုပ်ထွက်ခြင်းနှင့်ပက်သက်သော စည်းမျဉ်းစည်းကမ်းများကိုလိုက်နာရန်လက်မှတ် ထိုးခဲ့ပါက ထိုစည်းမျဉ်းများအတိုင်းလိုက်နာသင့်ပါတယ်။အချို့သော ကုမ္ပဏီများက သင်အလုပ်မထွက်ခင်မှာ အင်တာဗျူးဖြေခိုင်းလေ့ရှိပါတယ်။ သင်အလုပ်ထွက်ရသည့်အကြောင်းအရင်းကို သိအောင်ကြိုးစားခြင်းသာ ဖြစ်၍ စိတ်လှုပ်ရှားစရာမလိုပါ။


-အလုပ်ထွက်ခြင်းဆိုသည်မှာ ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်၍ အားမနာပါနှင့်။သင်ဟာ ရည်းစားနှင့်လမ်းခွဲခြင်း မဟုတ်ပါဘူး။ သင့်ရှေ့ရေးတိုးတက်ဖို့ အလုပ်ပြောင်းခြင်းသာဖြစ်ပါတယ်။ အပြစ်ရှိသလိုမခံစားပါနဲ့။


-သင့်ရဲ့ရှေ့ရေးအတွက်အလုပ်ထွက်ရာတွင် ပြောသင့်ပြောထိုက်သောအရာများကိုပြောသင့်ပါတယ်။ဥပမာသင်နှင့်သင့်အလုပ်ရှင်တွင်ရင်းနှီးသောဆက်ဆံရေးရှိပါက နောက်အလုပ်အတွက် ထောက်ခံစာ တောင်းနိုင်ပါတယ်။ သင့်အနာဂတ်အတွက်လိုအပ်သောအရာများကို ရသလောက်ယူပါ။
-အကယ်၍ သင့်အရင်အလုပ်နဲ့ပက်သက်ပြီး ဝေဖန်စရာရှိပါက အကောင်းမြင်သဘောထားနှင့်ဝေဖန်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုအရာပဲပြောပြောသင်ဟာကုမ္ပဏီရှေ့ရေးကောင်းဖို့ အတွက်ပြောနေကြောင်း သိသာအောင် ယဉ်ယဉ်ကျေးကျေးပြောပါ။


မိုးရှင်း (I.M.T)

Tuesday, January 13, 2015

ဘီလူးစီးခြင်း (Sleep Paralysis)


ဘီလူးစီးခြင်း (Sleep Paralysis)

ဘီလူးစီးတယ်ဆိုတာ ကိုယ်တိုင်မကြုံဖူးရင်တောင် လူတိုင်းကြားတော့ ကြားဖူးလိမ့်မယ် ထင်ပါတယ်။ လူကနိုးနေရက်နဲ့ ခြေတွေ လက်တွေလှုပ်မရ၊ အော်မရပာစ်မရနဲ့ အတော်ကြီးကို စိတ်ဒုက္ခရောက်ရတဲ့ အချိန်ပါ။ အင်္ဂလိပ်လို Sleep Paralysis လို့ခေါ်ပြီး မြန်မာလို ဘီလူးစီးတယ်လို့ခေါ်တဲ့ အခြေအနေ တစ်ရပ်ကို တစ်ခါလောက် ကြုံဖူးသွားတာနဲ့ နောက်ထပ်ကြုံဖို့ လန့်သွားလောက်တဲ့ အတွေ့အကြုံတစ်ရပ်ပါ။
Sleep Paralysis ကို နှစ်မျိုးခွဲခြားနိုင်ပါတယ်။ Isolated Sleep Paralysis (ISP) နဲ့ Recurrent Isolated Sleep Paralysis (RISP) ဆိုပြီးတော့ပါ။ အလွယ်ပြောရရင် ISP ဆိုတာက လူတိုင်းဖြစ်နိုင်ပေမယ့် RISP ဆိုတာကတော့ အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ မူမမှန်တဲ့ ရောဂါတစ်မျိုးမျိုး ရှိနေသူတွေမှာသာ ပိုဖြစ်တတ်ပါ တယ်။ ISP က လူတစ်ယောက် တစ်သက်မှာ တစ်ခါလောက်ပဲကြုံ တတ်ပါတယ်။ RISP ကတော့ ခဏခဏ ပြန်ဖြစ်နေတာပါ။ မြန်မာလိုပြောရရင်တော့ ဘီလူးစီးတယ်ဆိုတာက သာမန်လူမှာဆိုရင် တစ်သက်မှာ တစ်ခါလောက်ပဲ ကြုံတွေ့နိုင်ပေမယ့် အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ ရောဂါရှိသူတွေမှာဆိုရင် ခဏခဏဖြစ်နိုင်ပါတယ်။ တစ်ညတည်းကိုပဲ နှစ်ခါ သုံးခါပြန်ဖြစ်နိုင်ချေရှိပါတယ်။
ဘီလူးစီးတာ ဘာဖြစ်လို့ဖြစ်ရတာလဲ ဆိုတာကို ဖြေရှင်းဖို့ကတော့ အတော်လက်ဝင်ပါတယ်။ ဒါပေမယ့် လည်း ဘာကြောင့်လည်းဆိုတဲ့ အဖြေအတိအကျတော့မရှိဘဲ သီအိုရီ သဘောတရားအရပဲ ရှိပါသေးတယ်။ လူတစ်ယောက်ရဲ့ အိပ်စက်ခြင်းကို REM (rapid eye movement) နဲ့ NREM (non-rapid eye movement) ဆိုပြီးတော့ အဆင့်ခွဲပါတယ်။ အဲဒီတစ်ဆင့်ခြင်းဆီမှာကိုပဲသူနဲ့သက်ဆိုင်တဲ့ ဦးနှောက်ရဲ့ တုန့်ပြန်မှုတွေ၊ ခန္ဒာကိုယ်ရဲ့တုန့်ပြန်မှုတွေရှိပါတယ်။ တစ်ညတာအိပ်စက်တဲ့အခါမှာ ဒီ NREM နဲ့ REM အဆင့်တွေ အလှည့်ကျဖြစ်ပေါ်အောင် ဦးနှောက်က ထိန်းချုပ်ထားရပါတယ်။ အလွယ်ပြောရရင်တော့ NREM ဆိုတာက အိပ်တစ်ဝက်နိုးတစ်ဝက် အခြေအနေဖြစ်ပြီး REM ကတော့ လုံးဝအိပ်ပျော်သွားတဲ့ အခြေအနေ တစ်ရပ်ဖြစ်ပါတယ်။ REM အချိန်မှာ လူတွေပာာ အိပ်မက်မက်ကြပါတယ်။ အိပ်မက်ထဲမှာ ဆိုပေမယ့်လည်း ကိုယ့်စိတ်ထဲမှာတော့ တကယ်ထင်နေတာပါပဲ။ အဲဒီတော့ အိပ်မက်ထဲမှာ လက်သီး ထိုးနေရင် အပြင်မှာလည်း လိုက်ထိုးနေဖို့ရှိပါတယ်။ အိပ်မက်ထဲမှာ ဘောလုံးကန်နေရင် အပြင်မှာလည်း လိုက်ကန်နေမိပါလိမ့်မယ်။ အဲဒီတော့ အဲလိုမျိုး အိပ်မက်ထဲမှာ လုပ်တဲ့အတိုင်း အပြင်မှာလျှောက် မဖြစ်နေအောင် ဦးနှောက်က REM အဆင့် လူတွေ အိပ်မက်မက်ပြီဆိုရင် အိပ်မက်ထဲကအတိုင်း အပြင်မှာ လိုက်မလုပ်နိုင်အောင် လူထိန်းချုပ်လို့ရတဲ့ ကြွက်သားတွေကို လုံးဝမလှုပ်တော့အောင် လှမ်းပိတ်ထား လိုက်ပါတယ်။ ပြီးတော့မှနိုးတော့မယ်ဆိုမှ REM အဆင့်ကနေ NREM ဖြစ်၊ ဦးနှောက်က ထိန်းချုပ်ထား တာတွေကို ပြန်လျှော့ပြီး ပြန်လှုပ်ရှားလို့ရအောင်လုပ်ပါတယ်။ ဦးနှောက်က REM အဆင့်မှာ ထိန်းချုပ်တဲ့နေ ရာမှာ လူကိုယ်တိုင်ထိန်းနိုင်တဲ့ကြွက်သားတွေကိုသာ သေအောင်လုပ်ထားပါတယ်။ အဲဒါကြောင့် ဘီလူး စီးတဲ့ အချိန်မှာ မအော်နိုင်မပာစ်နိုင်၊ မလှုပ်ရှားနိုင်ပေမယ့် အသက်ရှူတာလိုမျိုး အရေးကြီးတဲ့ ကြွက်သားတွေ ကတော့ ပုံမှန်အလုပ်ဆက်လုပ်ပါတယ်။
အဲလိုဘီလူးစီးတယ်ဆိုတဲ့ အခြေအနေဖြစ်ပေါ်ရတာကတော့ ခုနကပြောထားတဲ့ REM အဆင့်ကနေ မလျော့ဘဲ ဦးနှောက်ကထိန်းချုပ်ထားတာတွေ မလျှော့ဘဲ အလုပ်လုပ်ပုံ မှားယွင်းတာကြောင့် နိုးသွားပြီး လူရဲ့သိစိတ်ပြန်ဝင်လာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဦးနှောက်က အိပ်နေတယ်လို့ပဲ ဆက်သတ်မှတ် ထားပြီး REM အဆင့်မှာပဲဆက်ထားတဲ့အခါမှာ အခုလိုမျိုး လှုပ်မရ၊ အော်မရ ဖြစ်လာပါတယ်။ အိပ်မက် မက်နေသလို၊ တကယ်ဖြစ်နေသလိုခံစားရပါတယ်။နိုးလာစေချင်ပေမယ့်လည်း မနိုးနိုင်ဖြစ်ခါ အတော်ကြီး ကိုစိတ်ဒုက္ခရောက်ရပါတယ်။ အခြားအပြင်ဘက်က အထိအတွေ့ တစ်ခုခုကြောင့်နဲ့ ဦးနှောက်ကပြန်ပြီး ပုံမှန်ပြန်လုပ်သွားတဲ့အခါကျမှ ပြန်လှုပ်လို့ရသွားပါတယ်။ ဆိုလိုချင်တာက အပြင်က လူတစ်ယောက် ယောက်မနှိုးမခြင်း၊ REM အဆင့်မကုန်သွားမခြင်း လှုပ်လို့မရသေးပါဘူး။ နောက်တစ်ချက် ကတော့ ဘီလူးစီးတဲ့အချိန်မှာ လူတွေပာာ အိပ်မက်လိုဖြစ်နေပေမယ့် တကယ့်ကို ကြောက်မက် ဖွယ်ကောင်းတဲ့ စိတ်ခြောက်ခြားစရာဖြစ်တဲ့ အန္တရာယ်တစ်ခုခုနဲ့ကြုံတွေ့နေရတယ်လို့ စိတ်ထဲမှာ ခံစား မိနေပါတယ်။ အဲဒါကလည်း သိစိတ်ရှိနေတဲ့ REM အဆင့်ရဲ့နောက်ဆက်တွဲအနေနဲ့ ဦးနှောက်ဘာသာပြန် တာ လွန်ကဲပြီး ဒီအခြေအနေပာာ အသက်အန္တရာယ်ထိရှိလာနိုင်တယ် အရမ်းကြောက်ဖို့ကောင်းတယ် လို့ နောက်ဆက်တွဲ ဘာသာပြန်ပါတယ်။ အဲဒါကြောင့် ဘီလူးစီးခံရတဲ့ လူတွေပာာ အဲလိုလှုပ်လို့မရတဲ့ အခြေအနေတစ်ရပ်မှာ အင်မတန်ကိုကြောက်စရာကောင်းတဲ့ အတွေ့အကြုံ ခံစားခဲ့ရတယ်လို့ ထင်ပြီး နိုးလာရင်တောင်ကြောက်စိတ်မပြယ်ဖြစ်နေတတ်ပါတယ်။
ဒီလိုဦးနှောက်က ဘာသာပြန်မှားယွင်းတာပာာ ဦးနှောက်ကို အောက်ဆီဂျင်သိပ်မရောက်တဲ့ အခြေ အနေတွေ ဥပမာ လေ၀င်လေထွက် မကောင်းတာမျိုး၊ ကာဘွန်ဒိုင်အောက်ဆိုက်ဒ် အရမ်းများနေတဲ့ အခန်းထဲမှာ အိပ်တာမျိုးဆိုရင် ပိုဖြစ်တတ်ပါတယ်။ တစ်ခါတလေမှာ အဲဒါက အလွန်ပြင်းထန် သွားတတ်ပြီး အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်ကာ အိပ်မက်လို့ သိနေပေမယ့်လည်း အသက်ရှူကြပ်တဲ့အထိ၊ အသက်ရှူလို့ မရတဲ့အခြေအနေထိဖြစ်လာပါတယ်(ကျနော်တစ်ခါဖြစ်ဖူးပါတယ် အိပ်မက်မက်ရင်း အသက်ရှူကြပ်လာ တာ။ တော်သေးတယ် မသေသွားလို့။) ဘီလူးစီးခြင်း (Sleep paralysis)ပာာ အသက် အန္တရာယ်ဖြစ် လောက်အောင်ဒုက္ခမပေးနိုင်ပေမယ့် ခံစားခဲ့ရတဲ့သူအတွက်တော့ တစ်သက်တာ မမေ့နိုင်အောင် ကြောက်မက်ဖွယ်ကောင်းခဲ့ပါတယ်။ ဘီလူးစီးတာပာာ အိပ်မပျော်တဲ့သူတွေ၊ အိပ်ချိန် မမှန်တဲ့သူတွေ၊ ပက်လက်အိပ်တတ်သူတွေ၊ ဖိအားများလွန်းတဲ့ သူတွေ၊ အရမ်းကို ပင်ပန်းနွမ်း နယ်နေတဲ့ သူတွေ၊ ဆေးသုံးတဲ့ သူတွေမှာ ပိုဖြစ်ပါတယ်။
ဒီနေရာမှာတော့ မြန်မာတွေအရင်တည်းက ယူဆလာတဲ့အချက်က အတော်မှန်နေတာတွေ့ရပါတယ်။ ငယ်ငယ်တုန်းက ဘီလူးစီးခံရတယ်ပြောရင် လူကြီးတွေက ပက်လက်မအိပ်နဲ့လို့ ပြောခဲ့တာက အခု သိပ္ပံနည်းကျရှင်းတဲ့ အခါမှာလည်း အင်မတန်မှန်နေပါတယ်။ ပက်လက်အိပ်တဲ့အခါမှာ ခန္ဒာကိုယ် အနေ အထားကြောင့် လျှာဒါမှမပာုတ် အာခေါင်ပျော့တို့ရဲ့ဖိအားကြောင့် အသက်ရှူလမ်းကြောင်း ပိတ်ပြီး လေသိပ် မ၀င်တော့တဲ့အခါ ဘီလူးစီးတာဖြစ်ပေါ် လာနိုင်တယ်လို့ ဆိုပါတယ်။
ပုံမှန်အိပ်တာ၊ လေ၀င်လေထွက်ကောင်းအောင် လုပ်တာနဲ့ အိပ်ရာကုတင် သန့်သန့်ရှင်းရှင်းနဲ့ လူလည်း သန့်သန့်ရှင်းရှင်း အိပ်မယ်ဆိုရင် Sleep Paralysis ကို ကာကွယ်နိုင်ပါတယ်။
Dr. သူရိန်လှိုင်ဝင်း

အမျိုးသမီး ဆက်စီကျတယ်လို့ ထင်တဲ့ ဒီအရာတွေက အမျိုးသားတွေအတွက်တော့ စိတ်ပျက်စရာများသာ


အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ တစ်ချို့သော ပြုမူနေထိုင်ပုံတွေက အမျိုးသားတွေအတွက် ဆက်စီကျလိမ့်မယ်လို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေ ဘယ်လိုမှ မခံစားနိုင်တဲ့ အမျိုးသမီးတွေ ပြုလုပ်လေ့ရှိတဲ့ အရာတွေကတော့
၁။ကလေးသံနဲ့ စကားပြောခြင်း
ချစ်စရာကောင်းအောင်၊ ဆွဲဆောင်မှုရှိအောင် အတင်းကြီး ကလေးသံလုပ်ပြောနေတဲ့၊ ချွဲနွဲ့ပြောနေတဲ့ အမျိုးသမီးတွေကို ဘယ်အမျိုးသားကမှ စိတ်မရှည်ကြပါဘူး။
၂။ရေမွှေးတွေ အသားကုန်ဆွတ်ထားခြင်း
အပြင်သွားတော့မယ်ဆို ရေမွှေးတွေ အသားကုန် ဆွတ်ပြီးထွက်လာတဲ့အမျိုးသမီးနား အမျိုးသားတွေက ကပ်ချင်မယ်ထင်လို့လား။ မကောင်းတတ်လို့ ပြောဆိုဆက်ဆံနေရရင်တောင် ကွယ်ရာမှာ မွှန်ထွန်နေတာပဲကွာလို့ ကောင်းချီး ပေးတတ်ကြပါတယ်။
၃။ဘဲနှုတ်သီးမျိုးနဲ့ နှုတ်ခမ်းထော်ကာ selfie ဓာတ်ပုံရိုက်ခြင်း

မိန်းကလေးတော်တော်များများက selfie ဓာတ်ပုံတွေ ရိုက်တဲ့အခါ ပိုချစ်စရာကောင်းအောင် နှုတ်ခမ်းထော်ထော်ပြီး ရိုက်တတ်ကြပါတယ်။ ဒါမျိုးကို ကိုယ့်ရည်းစားက ချစ်စရာကောင်းတယ်လို့ ပြောချင်ပြောနိုင်ပေမယ့် အခြားယောင်္ကျားတွေကတော့ ဟားချင်ပါလိမ့်မယ်။
၎။မတော်တဲ့ ဖိနပ်အမြင့်တွေကို စီးထားခြင်း
ကြပ်လွန်းတဲ့ ဒေါက်မြင့်ဖိနပ်တွေ၊ မြင့်လွန်းတဲ့ ဒေါက်ဖိနပ်တွေ စီးပြီး သွားရလာရ အဆင်မပြေတာ၊ နာကျင်နေတာကို မြင်တဲ့ အမျိုးသားတိုင်းက အမျိုးသမီးတွေကို ကိုယ်နဲ့အဆင်ပြေပြီး သွားလာရအဆင်ပြေမယ့် ဖိနပ်မျိုးသာ စီးဖို့ အကြံပေးချင်ကြမှာ အမှန်ပါပဲ။
၅။မသင့်တော်တဲ့ စကားအသုံးအနှုန်းတွေ သုံးနှုန်းပြောဆိုခြင်း
တစ်ခါတစ်လေ ဆက်စီကျအောင် လိင်အသားပေးစကားတွေ ပြောတာမျိုး၊ ညစ်ပတ်တဲ့စကားမျိုးတွေ ပြောလာတဲ့ အမျိုးသမီးကို ဘယ်ယောင်္ကျားလေးကမှ အမှတ်မပေးပါဘူး။ ဆက်စီကျတယ်လို့လည်း မမြင်ပါဘူး။ အထင်တောင် သေးသွားနိုင်ပါသေးတယ်။
၆။ကိုယ့်ကိုအထင်ကြီးအောင် သောက်စားပြခြင်း
ငါ ဒီဘဲတွေရှေ့မှာ သောက်ပြလိုက်ရင်တော့ ငါ့ကို ဒီဆော်မိုက်တယ်လို့ ထင်သွားမှာပဲဆိုပြီး သောက်နေကျမဟုတ်တဲ့ အရက်၊ အရေအတွက်တွေကိုကျော်မလုပ်ပြမိပါစေနဲ့။ လူမှန်းသူမှန်းမသိမူးနေတဲ့ အမျိုးသမီးကို ဘယ်ယောင်္ကျားကမှ အထင်မကြီးပါဘူး။ ဒါဆက်စီလည်း မကျပါဘူး။ စိတ်ပျက်စရာကောင်းတာပါ။
Credit to Trend Myanmar
K.K(ကနောင်)

တကယ့်ပျော်ရွှင်ခြင်းဆိုတာ


တကယ့်ပျော်ရွင်ခြင်းဆိုတာ
လူတစ်ယောက်ဟာ ကံကောင်းထောက်မစွာနဲ့ လှပတဲ့ပုလဲလုံးတစ်လုံးကို ရခဲ့တယ်။ ဒါပေမဲ့ ပုလဲလုံးပေါ်မှာရှိတဲ့ အမည်းစက်တစ်စက်က သူ့ကို မကျေမနပ်ဖြစ်စေခဲ့တယ်။ အမည်းစက်ကို သူဖယ်ရှားပစ်နိုင်ခဲ့ရင် ဒီပုလဲလုံးဟာ ကမ္ဘာပေါ်မှာ အလှဆုံး၊ အဖိုးအတန်ဆုံးပုလဲဖြစ်မယ်လို့ သူထင်ခဲ့တယ်။ အဲဒီလိုနဲ့ ပုလဲရဲ့အပေါ်ဆုံးအလွှာကို သူဖယ်လိုက်တယ်။ ဒါပေမဲ့ အမည်းစက်က ရှိနေတုန်းပဲ။ တစ်ထပ်ပြီးတစ်ထပ် သူဖယ်တယ်။ နောက်ဆုံးမှာ အမည်းစက်မရှိတော့ပေမယ့် ပုလဲလုံးလည်း သေးသထက်သေးသွားပြီး အမှုန်အဖြစ်ပျောက်သွားတော့တယ်။ အဲဒီလူဟာ ပုလဲကို ဆုံးရှုံးသွားရတဲ့စိတ်နဲ့ပဲ အိပ်ရာထက်မှာ ဘုံးဘုံးလဲတော့တယ်။ သူလုံးပါးပါးမသွားခင်မှာ “တကယ်လို့ အစကတည်းက အဲဒီအမည်းစက်ကို ကျွန်တော် အရေးမလုပ်ခဲ့ဘူးဆိုရင် အခုအချိန်မှာ ကျွန်တော့်လက်ထဲ ဆုပ်ကိုင်ထားမှာက လှပတဲ့ ပုလဲလုံးတစ်လုံးဖြစ်တယ်” လို့ နောင်တရစွာပြောသွားခဲ့တယ်။
ဒီပုံပြင်ကို သတိရမိတိုင်း အဖြစ်တစ်ခုကို ကျွန်တော်သွားသတိရမိတတ်တယ်။ တလောက နေ့တိုင်းနီးပါး ပင်လယ်ဘေးသွားပြီး ကျွန်တော်လမ်းလျှောက်ဖြစ်တယ်။ အဲဒီမှာ ဆံဖြူဖြူလူအိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်မှီပြီး ပင်လယ်ဘေးတစ်နေရာက ခုံတန်းပေါ်မှာထိုင်ပြီး ပင်လယ်ဖက် ငေးမောနေတတ်တာကို အမြဲလိုလိုတွေ့ခဲ့ရတယ်။ သူတို့နှစ်ယောက်ဟာ ခုံပေါ်မှာ ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်လို့ မျက်နှာပေါ်မှာလည်း အပြုံးတွေ ကြည်နူးရိပ်တွေသန်းလို့ ပင်လယ်ဘေးမှာ တကယ့်လက်ရာဝင်တဲ့ ရုပ်တုနှစ်ခုလို အမြဲရှိနေခဲ့တယ်။
တစ်နေ့မှာ ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့ သူတို့ရှေ့သွားပြီး “အဘိုးနဲ့အဘွားက ပင်လယ်ပြင်ကို နှစ်သက်ကြတာလား!” လို့ မေးလိုက်တယ်။
အဘိုးအိုက ကျွန်တော်ကိုပြုံးပြီး ခေါင်းညိတ်ပြတယ်။ ပြီးတော့ ဘေးကအဘွားအိုကို လက်ညှိုးထိုးပြတယ်။ အဲဒီအချိန်ကျမှ အဘိုးအိုဟာ ဆွံအနားမကြားသူဆိုတာကို ကျွန်တော်သိလိုက်တယ်။ အဘွားအိုဟာလည်း မျက်စိနှစ်လုံး အလင်းကွယ်နေသူဖြစ်တယ်။ ကျွန်တော်မေးလိုက်တဲ့စကားအတွက် ကျွန်တော်အားနာမိပေမယ့် သူတို့နှစ်ယောက်ရဲ့ မျက်နှာပေါ်မှာတော့ မရွှင်ပျတဲ့ပုံ မပေါ်ခဲ့တဲ့အပြင် အဘွားအိုက နွေးထွေးကြင်နာတဲ့အသံနဲ့ “ဟုတ်တယ်… အဘွားတို့နှစ်ယောက် အမြဲတမ်း ပင်လယ်ပြင်ကို လာ“ကြည့်”ခဲ့ကြတယ်။ ဒီအတွက် ဒီကသူငယ် အံ့သြနေမှာပဲနော်။ တကယ်တော့ တစ်ယောက်စိတ်ထဲမှာ တစ်ယောက်ရဲ့ချွတ်ယွင်းချက်ကို ထည့်မထားရင် နှစ်ယောက်စလုံးက သာမန်လူတွေနဲ့ အတူတူပဲ မဟုတ်လား!”
သူတို့နှစ်ယောက်ရဲ့ မျက်နှာပေါ်မှာ အားငယ်တဲ့၊ ဝမ်းနည်းတဲ့အရိပ်အယောင်တွေအစား ပျော်ရွှင်တဲ့၊ ပြည့်စုံတဲ့ အပြုံးတွေနဲ့ပြည့်နှက် ကူးလူးနေခဲ့တယ်။ တစ်ဦးအပေါ်တစ်ဦး ချစ်ခင်ကြင်နာတဲ့ အဘိုးအိုနဲ့အဘွားအိုကို ကြည့်ပြီး ကျွန်တော့်မျက်လုံးတွေ စွတ်စိုနေခဲ့တယ်။
အဲဒီအချိန်ကစပြီး မသန်စွမ်းတဲ့လူအိုနှစ်ယောက်စီကနေ ပျော်ရွှင်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို ကျွန်တော်ရှာတွေ့ခဲ့တာဖြစ်လိမ့်မယ်။ တကယ့်ပျော်ရွှင်ခြင်းဆိုတာ တစ်ဘက်သားရဲ့ မပြောပလောက်တဲ့ ချွတ်ယွင်းချက်၊ အနာအဆာတွေကို ဖယ်ရှားနိုင်တာမဟုတ်ဘူး။ တကယ့်ပျော်ရွှင်ခြင်းဆိုတာ ကျွန်တော်တို့လက်ထဲ တကယ်ဆုပ်ကိုင်ထားမိတဲ့ ပုလဲလုံးကို တန်ဖိုးထားမြတ်နိုးပြီး ခွင့်လွှတ်နားလည်မှု ပေးနိုင်တာပဲဖြစ်တယ်။ ဒါမှ တစ်ဦးစိတ်ကိုတစ်ဦးနားလည်ပြီး တကယ့်ပျော်ရွှင်ခြင်းကို ခံစားရမှာဖြစ်တယ်။

အမျိုးသားများ ပိုင်ဆိုင်ချင်သော ဘဝလက်တွဲဖော်



အမျိုးသားများ ပိုင်ဆိုင်ချင်သော ဘဝလက်တွဲဖော်
-------------------------------------------------------

အမျိုးသားတွေက အပြင်ပန်း အလှကို ငြိတွယ်တတ် ကြတယ်လို့ သိထားကြပေမယ့် အမြင် ပေါ်မှာစွဲလန်းမိတာမှုက ခဏတာပါပဲ။ အဲဒါက အချစ်မဟုတ်သလို၊ တသက်လုံးလက်တွဲဖို့လည်း မဟုတ်ပါဘူး။ မိန်းကလေးတွေလိုပဲ၊ အမျိုးသားတွေမှာ မိန်းကလေးတစ်ယောက်ဆီမှာ လိုက်ရှာတဲ့ “စံ” ရယ်လို့ရှိပါတယ်။

၁။ ကလေးအရွယ်တုန်း က ဆိုတဲ့ “ရည်းစားလှလှသားမှာရှိတယ် အိမ်ကိုရောက်အောင် သားခေါ်ခဲ့မယ်” သီချင်းထဲက လို အမျိုးသားတိုင်းရွေးချယ်တဲ့ ချစ်သူတိုင်းဟာ လှနေတာမဟုတ်ပါဘူး။ လှတယ် မလှဘူး ဆိုတာ ထက် အတွင်းစိတ်သဘောထား ကို ပထမဦးစားပေးအနေနဲ့ ကြည့်ကြတာဖြစ်ပါတယ်။

၂။ အမျိုးသားတွေဟာ ကိုယ့်ကိုယ်ကို ပြင်ဆင်ခြယ်သလွန်းလွန်းတဲ့ မိန်းကလေးတွေထက် ကြည့်လိုက်ရင် ရိုးရှင်းပြီး အထာကျတဲ့ မိန်းကလေးတွေကို ပိုနှစ်သက်ကြပါတယ်တဲ့ ။

၃။ မိန်းကလေးက ဖွင့်ပြောလို့ (ဒီခေတ်ကြီးမှာ) တွဲဖြစ်ကြတဲ့ စုံတွဲတွေဟာ ခရီးသိပ်မရှည်ကြ ပါဘူး။ ယောက်ျာတွေဟာ ရှေးအစဉ်ကတည်းက အမဲလိုက်သူတွေပီပီ ကိုယ်က လိုက်ရတာကို သဘောတွေ့ကြပါတယ်။ လုံ့လစိုက်ပြီးမှ ရလာတဲ့ပစ္စည်: ကို ပိုတန်ဖိုးထားသလိုပဲ ကြိုးစားအားထုတ်ပြီးမှ ရခဲ့တဲ့ချစ်သူမျိုးကို တဘဝစာ ပိုင်ဆိုင်လိုကြပါတယ်။

၎။ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာကို အမြဲတမ်း ထုတ်ဖော် ပြောတဲ့သူမျိုးမဟုတ်ပဲ သူ့မျက်လုံးကိုကြည့်တာနဲ့၊ သူ့စိတ်ကို အလိုလို နားလည်ပေးနိုင်တဲ့ မိန်းကလေးမျိုးကို ဘေးမှာ ထာဝရထားချင်ကြတာဖြစ်ပါတယ်။

၅။ ပိန်ပိန် ဝ ဝ သူ့အတွက် ဘာမှ မဖြစ်ပေမယ့်၊သပ်သပ်ရပ်ရပ် ကြည့်ပျော်ရှုပျော်တော့ ဖြစ်နေရပါမယ်။ ယောက်ျားတိုင်းက ကိုယ့်ဇနီးရဲ့ အလှကို လူတွေရှေ့မှာ ကြွားချင်ကြတာချည်းပါပဲ။

၆။ တိတိကျကျနဲ့ ကိုယ့်တာဝန်ကိုယ်ယူတတ်တဲ့ မိန်းကလေးတွေကို အထင်ကြီးကြပေမယ့်၊ သူတို့ထက်ပိုပြီး စိတ်မာ တဲ့ မိန်းကလေးတွေ ကို လက်မတွဲချင်ကြပါဘူး။ အဲလိုပဲ သူတို့ထက် အရာရာမှာ စွမ်းဆောင်နိုင်တဲ့သူ ကို ဘဝလက်တွဲဖော်အဖြစ်ရွေးရမှာကို လက်တွန့်တတ်ကြပါတယ်။

၇။ အကောင်းဆုံးတော့ မဟုတ်ပေမယ့် ထမင်းဟင်း ချက်တတ်ရပါမယ်။ သူလိုအပ်တာ သူနဲ့ရလာတဲ့ ရင်သွေးလေးကို ပြုစုစောင့်ရှောက်နိုင်မယ့် မိခင် ပီသတဲ့ သူပါ။

၈။ သူ့ပြောပြတာတွေကို ဂရုတစိုက် နားထောင် နှစ်သိမ့်ပေးမယ့် လက်တွဲဖော်မျိုး လိုချင်ကြပါတယ်။၊ ဘေးစကားတွေကို နားထဲမထည့်ပဲ သူ့တစ်ယောက်တည်းကို ယုံကြည်အားကိုးပေးတဲ့ သူမျိုး ပေါ့။

၉။ သူ့ဘဝ မှာ ချစ်သူ အပြင် တန်ဖိုးထားဆုံးလူ က သူ့ မိခင် ဖြစ်ပါတယ်။ ဒါကြောင့် အမေ သဘောကျလောက်မယ့်၊ အဆင်ပြေလောက်မယ့် မိန်းကလေးကို ဦးစားပေးရွေးချယ် တတ်ကြပါတယ်။

ဒီ (၉) ချက်ထဲက အချက်တော်တော်များများနဲ့ ကိုက်နေ ရင်တော့၊ အပျိုကြီးဖြစ်မယ့် ရာခိုင်နှုန်း တော်တော်ကို နည်းသွားပါပြီ။ ကိုယ် မယူချင်ရင်တော့ တစ်မျိုးပေါ့နော်။

Credit: satekuupuyar